
"၀" ကလေးရေ .... "၀ိ" ဖြစ်ချင်ရင်တော့ "လုံးကြီးတင်" ခံနိုင်ရမယ်ကွဲ့။
အခုတောင် ငါ့အပြောတွေကို "သေးသေးတင်" မခံနိုင်တဲ့ မင်းကများ
သူများတွေကို "လုံးကြီးတင်" ပေးနိုင်တယ်ဆိုတာ ယုံရပါတော့မလား။
ကြက်တူရွေး စာသင်သလို နှုတ်တိုက်ကျက် စကားလုံးတွေနဲ့
တစ်ပါးသူကိုဘောင်ခတ် ချောင်ကပ်အောင် ရိုက်နှက်တတ်မှ
ထမင်းတစ်လုပ်ဝမယ့် ဘ၀မျိုးဆိုရင် မင်းလုပ်ရပ်ကို ရှက်တတ်စမ်းပါ။
လက်တည့်စမ်းစရာ အများဘ၀ကို တစ်ခါးလှလို့ တစ်ဝမ်းဝအောင်
မင်းကပဲ ကူညီဦးမတဲ့လား။ ရယ်စရာ ကောင်းလိုက်ပါဘိတော့။
ဘယ်ရွာမှမပြောင်းဘဲ သူကောင်းဖြစ်ချင်လျှက်နဲ့ "၀" ကလေးရယ်
အရည်အချင်းဆိုတဲ့ စကားတစ်လုံးတန်ဖိုး ဘယ်လိုအမြင်နဲ့သတ်မှတ်ခဲ့လဲ။
ဘောင်ဘင်ခတ်နေတဲ့ မင်းအတွေး အမှိုက်စလေးတွေကြောင့်
အများပြသာဒ်တွေ မီးမသင့်စေချင်တော့ဘူး။



